မိုင်းယောင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစည်းအဝေးကျင်းပ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစည်းအဝေးကျင်းပ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကြည့်ရှုစစ်ဆေး



MNP - ဒီဇင်ဘာ ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစည်းအဝေးကို ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရရှိခဲ့မှုအပေါ် စီမံကိန်းကျေးရွာ၊ အသင်းအဖွဲ့များကို စိစစ်ရွေးချယ်၍ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဆက်လက်ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ထုတ်ချေးပြီးသည့် အပိုင်းကိုလည်း အကျိုးရှိရှိအသုံးချမှုရှိ/မရှိ စောင့်ကြည့်လေ့လာအကဲဖြတ်ဖို့လိုကြောင်း အမှာစကားပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တက်ရောက်လာသူများက သက်ဆိုင်ရာဌာနအလိုက် ချေးငွေထုတ်ချေး ဆောင်ရွက်ပေးထားမှုအခြေအနေ၊ ပံ့ပိုးချေးငွေများဖြင့် တောင်သူများလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရယူလိုသည့် ပါဟုတ်ကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာ မိုင်းယောင်းရတနာ၏မက္ကဒေးမီးယား စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ဟွေအင်းကျေးရွာ ဦးဝင်းနိုင်ဦးနှင့် ဦးဇော်မင်းတို့၏ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)