ပြည်တွင်း၌ စက္ကူထုတ်လုပ်ခြင်း နှင့် သံမဏိထုတ် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက မည်သည့်တိုင်းရင်းသားလုပ်ငန်းရှင်များကိုမဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်း၌ စက္ကူထုတ်လုပ်ခြင်း နှင့် သံမဏိထုတ် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက မည်သည့်တိုင်းရင်းသားလုပ်ငန်းရှင်များကိုမဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား


MNP ၊ ဒီဇင်ဘာ ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များ မှ တာဝန်ရှိသူများအား ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မင်္ဂလာခန်းမ၌ တွေ့ဆုံစဉ် ပြည်တွင်း၌ စက္ကူထုတ်လုပ်ခြင်း နှင့် သံမဏိထုတ် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက မည်သည့်တိုင်းရင်းသားလုပ်ငန်းရှင်များကိုမဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိမိတို့နိုင်ငံတွင် စက္ကူလိုအပ်ချက်များစွာရှိပြီး သစ်နှင့်ဝါး သယံဇာတများကို စနစ်တကျထုတ်ယူအသုံးပြု၍ ၎င်းတို့မှ စက္ကူပျော့ဖတ်များ ထုတ်လုပ်၍ရကြောင်း၊ ပြည်တွင်း၌ စက္ကူပျော့ဖတ်နှင့် စက္ကူထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်မည် ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းမှ ထွက်ရှိသည့် ရာဘာများဖြင့် လူသုံးကုန်ပစ္စည်းများကိုထုတ်လုပ် ရန်လို ကြောင်း၊ အလားတူ ချည်နှင့် ချည်ထည်များကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရမှုများ ရှိသဖြင့် ပြည်တွင်း ဝါစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက် အောင် အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက် ၍ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်း သည် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင် ကြောင်း၊ လုပ်သားများ၏ လစာငွေများနှင့် ရပိုင်ခွင့်များကိုလည်း မှန်မှန်ကန်ကန် ရရှိ အောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်သားများကျွမ်းကျင်မှုရှိစေရေးနှင့် စက်ပစ္စည်း များ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများ အရည် အသွေး ပိုမိုတိုးတက်ကောင်းမွန်လာပြီး ဝယ်လိုအားမြင့်တက်လာမည်ဖြစ်ကြောင်း။


ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံမဏိများထုတ် လုပ်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများရှိပြီးဖြစ်ကြောင်း၊ ပြည်တွင်း၌ သံမဏိထုတ် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက မည်သည့်တိုင်းရင်းသားလုပ်ငန်းရှင် များကိုမဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူသုံးကုန် ပစ္စည်းများကို ပြည်ပမှအများဆုံးမှာယူသုံးစွဲနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများ များ ပြားလျက်ရှိကြောင်း၊ ထို့ကြောင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက တိုင်းပြည်အတွက် များစွာ အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း။


ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူချိန်တွင် အကြောင်း အမျိုး မျိုးကြောင့် ဘဏ်လုပ်ငန်းများ ရပ်တန့်ခဲ့ရကြောင်း၊ သို့သော် ယခုအခါ ဘဏ် လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းဆောင်ရွက်သူများ အနေဖြင့်လည်း လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် စနစ်တကျဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံအတွက် ဘဏ်လုပ်ငန်းသည် အရေးကြီးသဖြင့် ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။


ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းကိုအထောက်အကူပြုနိုင်သည့် ရပ်ရွာများသန့်ရှင်းသာယာ လှပရေးအတွက် အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာအကျိုးဖြစ်နိုင်မည် ဖြစ်ကြောင်း၊


မိမိတို့နိုင်ငံတွင် ဆေးဝါးလိုအပ်မှုများရှိသဖြင့် အချို့သော ဆေးဝါးများမှလွဲ၍ ထုတ်လုပ်နိုင်သည့် ဆေးဝါးများကိုလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အလားတူ မိမိတို့နိုင်ငံမှ ပြည်ပနိုင်ငံများသို့  သွားရောက်၍ကျန်းမာရေးစောင့် ရှောက်မှုခံယူသူများ များပြားလျက်ရှိကြောင်း၊ ပြည်တွင်း၌ပုဂ္ဂလိက ဆေးရုံလုပ်ငန်း များ ဆောင်ရွက်မည်ဆိုပါက ပြည်သူများအတွက် များစွာအထောက်အကူပြုမည် ဖြစ်၍ ဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း


နိုင်ငံစီးပွားတိုးတက်ရေးအတွက် ယခုတက်ရောက်လာကြသည့် အဖွဲ့အစည်းမှ အများဆုံးဆောင်ရွက်နေခြင်းဖြစ်သဖြင့် နိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)