ရသေ့တောင်မြို့၌အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိ



ရသေ့တောင်   ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအနက် မည်သည့်အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစားကိုမဆို နှစ်ကြိမ် (သို့) သုံးကြိမ်ထိုးနှံထားပြီးသူများကို MyanCopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ထပ်ဆောင်းထိုးနှံပေးလျက်ရှိ‌ကြောင်းသိရှိရပါသည်။


 အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (MyanCopharm)ကိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို နောက်ဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး (၆)လပြည့်ပြီးသူများကို မြို့မစုရပ်(မြို့နယ်ဆေးရုံ)၊ ကူတောင်စုရပ်(RHC)၊ စေတီပြင်စုရပ်(RHC)၊ လောင်းချောင်းစုရပ်(RHC)၊ ဘာထလေစုရပ်(RHC)၊ အငူမော်စုရပ်(S/C) တို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးနှံရန်လာရောက်သူများအား ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)