MNP ၊ ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတိုင်းရှိ ရုံးတွင်း၊ ရုံးအပြင် သန့်ရှင်းသာယာလှပရေးအတွက် ရုံးဌာနတိုင်းရှိ ဝန်ထမ်းများ မှ မိမိတို့ရုံး သန့်ရှင်းရေးလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဦးမြို့ပေါ်အတွင်းရှိ ဌာနဆိုင်ရာတိုင်းရှိ ဝန်ထမ်းများမှ မိမိတို့ ရုံးတွင်း၊ ရုံးအပြင် သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် ၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာတိုင်းရှိ ဝန်ထမ်း များမှ မိမိရုံးဌာန သန့် ရှင်း သာယာရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့ နယ်စည်ပင်သာယာရေး ဝန်ထမ်းများ ၊ပြန်/ဆက် ဝန်ထမ်းများ စသည့် ဌာနဆိုင်ရာ များမှာ မိမိရုံးပတ်ဝန်း ကျင်သန့် ရှင်းအတွက် ပလပ်စတစ် နှင့်စွန့်ပစ်အမှိုက်များ၊ အမှိုက်များ ကောက် ယူခြင်း၊ ခြုံနွယ်ပိတ်ပေါင်း များ နှင့် ပေါင်းမြက် များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment