နမ့်စန်တွင် ဒီပင်္ကရာစွယ်တော်မြတ်စေတီတော်ကြီးအား ရွှေထီးတော်နှင့် ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် ဒီပင်္ကရာစွယ်တော်မြတ်စေတီတော်ကြီးအား ရွှေထီးတော်နှင့် ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ ကျင်းပ

 



MNP - ဒီဇင်ဘာ   ၇


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် တည်ထား ပူဇော်ထားသည့် ဒီပင်္ကရာစွယ်တော်မြတ်စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊ ရွှေထီးတော်နှင့် ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (နတ်တော်လပြည့်နေ့) ၈နာရီက အဆိုပါ စေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သီရိ မင်္ဂလာမြို့ဦးကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။


ထို့နောက် အခမ်းအနားတက်ရောက်လာကြသော အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ အမှတ်(၇၃) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ သံချပ်ကာစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ညီညီဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် အလှူ့ဒါယကာ၊ ဒါယိကာမများက သံဃာတော်အရှင်သူမြတ်တို့ထံ ပရိတ်အိုး၊ ပရိတ်ပန်း၊ ပရိတ်သဲ၊ စိန်ဖူးတော် ၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံဆင့်များအား သံဃာတော် အရှင်သူမြတ်များနှင့် ဒါယကာ၊ ဒါယိကာမများက ပင့်ဆောင်၍ ဒီပင်္ကရာစေတီတော်မြတ် ကြီးအား လှည့်လည်ပူဇော်ခြင်း၊ အတုလကာရီ ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဦးဆောင်ကာ ပန်းရထားဖြင့် စေတီတော်ပေါ်သို့ ပင့်ဆောင်၍ တင်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။


သတင်း - သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)