MNP ၊ ဒီဇင်ဘာ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကလေး သူငယ်အခွင့်အရေး များဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးပိုင်သူအောင်က လူမှုဝန်ထမ်းဦးစီးဌာနက လက်ရှိဆောင်ရွက်နေသော ကလေးသူငယ်မှုခင်းများ ၊ ကာကွယ်စောင့်ရှောက်ရေး နှင့် ကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရွက်နေသည်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံ များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက် လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ ဌာနများအလိုက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဝိုင်းဝန်း ဆွေး နွေး ခဲ့ကြရာ လိုအပ်သည်များကို မြို့နယ်ကလေး သူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment