ပဲခူးမြို့တွင် ဒီဇင်ဘာ (တတိယပတ်) လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့တွင် ဒီဇင်ဘာ (တတိယပတ်) လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပ



MNP - ဒီဇင်ဘာ ၁၇


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ ရပ်ကွက်နေပြည်သူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှကျင်းပ ပြုလုပ်သည့် ဒီဇင်ဘာလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်ပြီး ပဲခူးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ရှေ့မှစတင်၍ တောင်ငူလမ်း၊ ရှင်စောပုလမ်း၊ ရွှေမော်‌ဓောဘုရားလမ်း၊ ဟင်္သာလမ်း နှင့် ဟံသာဝတီယူနိုတ်တက် ဘောလုံးကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။


အဆိုပါ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်းအင်အား (၃၅၀၀)ဦးခန့် တက်ရောက်ကြပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများအား ‌ကောက်ညှင်းပေါင်း/ လက်ဖက်ရည်များဖြင့် ကျွေးမွေးဧည့်ခံ ကြကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)