မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး၊ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး၊ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးအပ်



MNP - ဒီဇင်ဘာ ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က လယ်မြေဧက ၅၀ ကျော်ကို အကျိုးပြုမည့် ဝမ်မန်းနမ့်တောင်ရေလွှဲဆည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးရာတွင် ဝမ်မန်းကျေးရွာအုပ်စု၊ နမ့်တောင်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နမ့်ဟင်းချောင်းပေါ်ရှိ ဝမ်မန်းနမ့်တောင်ရေလွှဲဆည် ရေထိန်းတံခါးတပ်ဆင်ခြင်းနှင့် လိုင်းနင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးစိုင်းခမ်းလူး၊ အဖွဲ့ဝင်-၃  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းယောင်းခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုကိုစု တို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်က လိုက်လံရှင်းလင်းပြသပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ခရိုင်/မြို့နယ်ရုံး ဝန်ထမ်းများအား သက်သာချောင်ချိရေးအတွက် ဆန်၊ ကြက်ဥနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)