Pages

Pages

မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ထပ်လုံစေတီတော်လမ်း ဖောက်လုပ်နေမှု ကြွရောက်ကြည့်ရှု




MNP  -   ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်ကို ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန်နှင့်  ထပ်လုံ ဘုရားပွဲတော်နေ့များတွင် မော်တော်ယာဉ်များ၊ ဘုရားဖူးသူများဖြင့် အတက်/အဆင်း များ ပြားလွန်းသဖြင့် အတက်တစ်လမ်း၊ အဆင်းတစ်လမ်း လမ်းသစ်ဖောက်လုပ်နေမှုကို ယမန်နေ့က မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သော ကြွရောက်ကြည့်ရှုကြောင်း သိရသည်။


ဆံတော်ရှင် ဓာတ်လုံစွမ်ယောင်း(ထပ်လုံ)စေတီတော်ကို မြို့နှင့် ခုနစ်မိုင်အကွာရှိ ဝမ်ကောင်း ကျေးရွာအုပ်စု၊ ဝမ်တောင်းကျေးရွာအနီးရှိ မဟီယင်္ဂနတောင်ကုန်းပေါ်တွင် မြန်မာသက္ကရာဇ် ၃၇၇ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၀၁၅ ခုနှစ်၊ သာသနာသက္ကရာဇ် ၁၅၅၉ ခုနှစ်တွင် တည်ထား ကိုးကွယ်ပြီး ဉာဏ်တော် ၁၈ တောင်(၂၇)ပေ အမြင့်ရှိကြောင်း၊ ဘုရားပွဲကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးများဖြင့် အထူး စည်ကားကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment