Pages

Pages

သုံးခွမြို့နယ် ကံမြင့်စံပြကျေးရွာရှိ ခေမာဗုဒ္ဓတက္ကသိုလ်၌ ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနားကျင်းပ




MNP - ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကံမြင့်စံပြကျေးရွာရှိ ခေမာဗုဒ္ဓတက္ကသိုလ်စာသင်ခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရှိသည်။

အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင် ကစ္စာယနသာရ၊ ကအဖွင့်အမှာစကားပြောကြားပြီး ဒုတိယပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒာစာရ ကပညာရေးဆိုင်ရာများ၊ ဒုတိယပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်သူရိယက ပြည်တွင်းပြည်ပတက္ကသိုလ်ပညာရေးဆိုင်ရာ အသိပညာများမိန့်ကြားကာ ဆရာကြီးဒေါက်တာဒေါ်စန္ဒာ (မဟာသဒ္ဓမ္မ ဇောတိကဓဇ)က တက္ကသိုလ်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သာသနာပြုလုပ်ငန်းများလျှောက်ထားသည်။ ထို့နောက် ကံမြင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကြောင်း သိရသည်။ ဆက်လက်၍ မော်ကွန်းထိန်းဆရာတော် ဒေါက်တာအရှင်ကေဝလက တက္ကသိုလ်ဖွဲ့စည်းပုံဆိုင်ရာများ မိန့်ကြားကာ လက်ထောက်မော်ကွန်းထိန်းဆရာတော်ကထိက ဒေါက်တာအရှင်ဝိစိတ္တက တက္ကသိုလ်မှထုတ်ပြန်ထားသော လိုက်နာရမည့်စည်းကမ်းချက်များမိန့်ကြားခဲ့ကြောင်း သိရသည်။

ကျောင်းသားသစ်ကြိုဆိုပွဲသို့ သံဃာတော် ၈၅ ပါး၊ သီလရှင်ဆရာလေး အပါး ၂ဝ တက်ရာက်ခဲ့ပြီး B.A (Buddhist Studies) အတွက် ပထမနှစ်သင်တန်းကို ဒီဇင်ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီမှ စတင်သင်ကြားပို့ချမည်ဟု သိရသည်။

စည်သူလင်း
https://t.me/MyanmarNationalPost


No comments:

Post a Comment