MNP - ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဆည်မူလတန်းကြိုကျောင်းတွင် ရင်သွေးငယ်များ ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျောင်းနေပျော်၍ ပညာတော်စေရန်အတွက် ယမန်နေ့ နံနက် (၈)နာရီက ကာယစွမ်းရည်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် မူကြိုကျောင်းသား/ကျောင်းသူ ရင်သွေးငယ်များအတုယူတတ်စေရန်အတွက် ဆရာမများမှ ဖရောင်းတိုင်းမီးထွန်းအပြးပြိုင်ပွဲ၊ ပွဲစဉ်(၁)ခု ဦးဆောင်ပြုလုပ်ခဲ့ပြီး ရင်သွေးငယ်များကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး အပြေးပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ စသည့် အားကစာနည်း(၃)မျိုး၊ ပွဲစဉ်(၁၈)ခု ကျင်းပပြုလုပ်ပေးခဲ့ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ထူးချွန် ရင်သွေး ငယ်များနှင့် ဝန်ထမ်းသူများအား မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့် ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်း စိုးတို့က ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ မူလတန်းကြိုကျောင်းသည် ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသက် (၃)နှစ်မှ(၅)နှစ်အရွယ် ကလေးငယ်များအားလက်ခံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မူလတန်းကြိုပညာရပ်များဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ မူကြိုအရွယ်ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေး သူငယ် ဥပဒေပြဌာန်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗဟုသုတအခြေခံကောင်းများဖြင့် မူလတန်းကျောင်းများသို့ ဝင်ရောက်စေနိုင်ရန်အတွက် စနစ်တကျသင်ကြားပေးလျက်ရှိကြောင်းသိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment