မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ(တတိယပတ်)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပြည်သူလူထုများနှင့်အတူပါဝင်ဆင်နွှဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ(တတိယပတ်)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပြည်သူလူထုများနှင့်အတူပါဝင်ဆင်နွှဲ

 


MNP - ဒီဇင်ဘာ  ၁၇


တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့်သက်တမ်းစေ့နေနိုင်ရန်၊ အမျိုး သားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူ လူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထု အားကစားစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်(၆)နာရီ အချိန်က မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလမ်းလျှောက်ပွဲ (တတိယပတ်)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီ ကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများနှင့် အားကစားစိတ်ဝင် စားသည့် ပြည်သူများမှ ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ပွဲ စုရပ်ဖြစ်သည့်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှေ့၊ ဗိုလ်ချုပ်လမ်းမကြီးမှ စတင်၍ လမ်းငါးသွယ်အဝိုင်းမှ တောင်တွင်းကြီးလမ်းမတစ်လျှောက် မကွေးတက္ကသိုလ်ဝန်းအထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြပြီး စုပေါင်း လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့ကြသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှဗလာမပါ ကံစမ်းမဲများအား တပျော်တပါး မဲဖောက်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ်တို့နှင့်အတူ စုပေါင်းလမ်းလျှောက်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်ကျောင်းသား/သူများ၊ မကွေးသူနာပြုသင် တန်းကျောင်းမှ သင်တန်းသား/သူများနှင့် ပြည်သူများမှ တက္ကသိုလ်ဝန်းရှိ ဘွဲ့နှင်းသဘင်ခန်းမရှေ့နှင့် တက္ကသိုလ်အဝင်လမ်း မတစ်လျှောက်သန့်ရှင်းသာယာလှပရေးအတွက် လမ်းဘေးဝဲ၊ ယာအတွင်း စုပေါင်း သန့်ရှင်းရေး ပြုလုပ်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)