MNP - ဒီဇင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါး စီမံကိန်း ပဲတီစိမ်းနှင့် နွေစပါး စီမံကိန်းအတွက် တောင်သူများလိုအပ်သည့် သွင်းအားစု စာရင်းပြုစုပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ အဓိကစားနပ်ရိက္ခာ သီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်ရေးအတွက် နည်းလမ်းများစွာဖြင့် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိပါကြောင်း၊ အထွက်နှုန်း ကောင်းမွန်သည့် စပါးများ စိုက်ပျိုးနိုင်ရေး၊ နွေစပါးစိုက်ပျိုးမည့် လျာထားစိုက်ပျိုးဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေ လုံလောက်အောင် ရရှိရေးနှင့် စိုက်ပျိုးနည်းစနစ် အတတ်ပညာများ မျှဝေပေးရေးတို့ကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းအတွက် တောင်သူများလိုအပ်သည့် သွင်းအားစုစာရင်းကို မှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဆန်စပါး လုပ်ငန်းရှင်များက နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစိုက်ပျိုး ထုတ်လုပ်မည့် လုပ်ငန်းများ၊ ရေလှောင်တမံများ၏ ရေသိုလှောင်မှု အခြေအနေများနှင့် စိုက်ပျိုးရေ ပေးဝေနိုင်မှု အခြေအနေများ၊ ရေရရှိရေး နည်းလမ်းများအလိုက် စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များ၊ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များ၊ စက်မှုလယ်ယာ ကိစ္စရပ်များနှင့် တောင်သူများလိုအပ်သည့် သွင်းအားစုစာရင်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့် စပ်လျဉ်၍ လိုအပ်ချက်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment