Pages

Pages

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ (၁၅)ကြိမ်မြောက်ပန်းပွဲတော် “ Blooming Fantasy 2022” ဖွင့်ပွဲကျင်းပ


MNP ၊ ဒီဇင်ဘာ ၁၈              

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ (၁၅)ကြိမ်မြောက် ပန်းပွဲတော်  “ Blooming Fantasy 2022” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီးဉယျာဉ်၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဉယျာဉ်သို့ လာရောက်အပန်းဖြေကြသည့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားသည်။ ထို့ နောက် တာဝန်ရှိသူတစ်ဦးက ပန်းပွဲတော်ကျင်းပရခြင်းအား ရှင်းလင်းပြောကြားသည်။  ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ပန်းပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် Orchestra အဖွဲ့မှ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာနျင့် အကအဖွဲ့တို့မှ တီးခတ်သီဆိုကပြဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး ဉယျာဉ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။


အဆိုပါ ပြင်ဦးလွင်အမျိုးသားကန်တော်ကြီး ဥယျာဉ် ပန်းပွဲတော်ကို ၂၀၁၆ ခုနှစ် မှ စတင်ကျင်းပခဲ့ကြောင်း၊ ကိုဗစ်ကာလများကြောင့် ရပ်နားခဲ့ရသော်လည်း ယခုနှစ် တွင် ပြန်လည်စတင်ကာ ယခင်နှစ်များနှင့်မတူ ထိုင်းနိုင်ငံမှ အထင်ကရ ပန်းအနုပညာ ရှင် Mr.Joe “Rain  Forest Thailand” မှ အသစ်ပုံဖော်ထားသည့် Landscape များ တွင် ပြည်တွင်းပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ရာသီပန်းမျိုးစုံတို့ကို ပေါင်းစပ်ကာ ဇုန်အလိုက် ခင်းကျင်းပြသထားကြောင်း၊ ပွဲတော်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများ၊ ပန်းဉယျာဉ်ဈေးပွဲတော်များ၊ ပြင်ဦးလွင်  ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်းခန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်များ ပါဝင်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment