Pages

Pages

ဒလ-ပန်းဆိုးတန်း ချယ်ရီ-၂ရေယာဉ်ပေါ်၌ PDF အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းဖောက်ခွဲရာ ခရီးသွားပြည်သူ ၁၁ဦးထိခိုက်ဒဏ်ရာရ



MNP ၊ ဒီဇင်ဘာ ၁၈

ယနေ့ ဒီဇင်ဘာ ၁၈ရက် ညပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြိုနယ်၊ နန်းသီတာဆိပ်ကမ်း၊ ဒလ-ပန်းဆိုးတန်း ချယ်ရီ-၂ရေယာဉ်ပေါ်၌ PDF အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းဖောက်ခွဲခဲ့ကြောင်း မြို့နယ်နေ ပြည်သူများထံမှ သိရသည်။


ဖြစ်စဉ်မှာ ယနေ့ ည ၇နာရီခန့်က ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ မိသားစုရပ်ကွက်၊ နန်းသီတာဆိပ်ကမ်း၌ ဒလ-ပန်းဆိုးတန်း ပြေးဆဆွဲနေသည့် ချယ်ရီ- ၂ ရေယာဉ်ပေါ်တွင် PDF အကြမ်းဖက်များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သိရသည်။


ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ အရေးပေါ်ပိုဆောင်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment