MNP - ဒီဇင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အသက် (၁၈) နှစ်နှင့်အထက် ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များအား တတိယအကြိမ် (Booster Does) ထိုးနှံရန် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသူများအား ယနေ့ နံနက် ၁၀ နာရီက ရမ်းဗြဲမြိို့၊ ပြည်သူ့ဆေးရုံ ဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် ဌာနဆိုင်ရာများမှ ပေးပို့ထားရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များစာရင်းများအားတိုက်ဆိုင်စစ်ဆေးခြင်း ရပ်ကွက်နေပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆေးထိုးနှံထားရှိသည့် ဆေးထိုးမှတ်တမ်းများကို စစ်ဆေးပေးခြင်းတို့ဆောင်ရွက်ပြီးနောက် ကျန်းမာရေးဝန်ထမ်းများမှ ဆေးထိုးရန်ရောက်ရှိလာသူများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများဆောင်ရွက်ပြီးမှသာလျှင် ဆေးကိုစနစ်တကျထိုးနှံပေးသည်။
အဆိုပါဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးပါသည်။ ၎င်းဆေးထိုးနှံရာသို့ လူမှုရေးစစ်ကြောင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာအကြီးအကဲများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment