MNP - ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရမ်းဗြဲမြို့၊ အမှတ်(၆)ရပ်ကွက်၊ ညောင်ပင်လှရွာသွားကွန်ကရစ်လမ်းသစ်နှင့် Box Culvert ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် ရှေ့ဦးစွာရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မေင်သန်းက အဖွင့်အမှာစကားပြောကြားသည်ပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇေယျာဖြိုးမှ ကွန်ကရစ်လမ်းနှင့် Box Culvert တို့၏လုပ်ငန်းဆောင်ရွက်မှုများကိုရှင်လင်းပြောကြားသည်။ ယင်းနောက် ညောပင်လှကျေးရွာမှ ကျေးရွာသူ/ကျေးရွားများ၏ကိုယ်စား ရပ်မိရပ်ဖဖြစ်သူ ဦးမင်းသိန်းမှ ကျေးဇူးတင်စကားပြန်ပြညန်လည်ပြောကြားသည်။
ဆက်လက်ပြီး ကွန်းကရစ်လမ်းသစ်နှင့် Box Culvert သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံငယ်အား မြို့နယ်စည်သာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဇေယျာဖြိုးမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးခင်မောင်သန်းထံသို့ ပေးအပ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မေင်သန်း၊ အမှုဆောင်အရာရှိ ဦးဇေယျာဖြိုးနှင့် မြို့မိမြို့ဖ ဦးအောင်စိုးတို့က ဖဲကြိုးဖွင့်လှစ်ပေးကြသည်။
အဆိုပါ ကွန်ကရစ်လမ်းနှင့် Box Culvert သစ်တို့ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ရမ္မာထူးကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ပြီး ကွန်ကရစ်လမ်း အရှည်- ၉၃၄ ပေ၊ အကျယ်-၁၄ ပေဖြစ်ပြီး Box Culvert မှာ ၁၆ ပေ၊ ၅ ပေ× ၃ပေ ရှိပြီး ခွင့်ပြုငွေ ကျပ်သန်း ၆၀ ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment