သံတွဲခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် CEDAW, GENDER, NESPAW အသိပညာပေးအခမ်းအနား သံတွဲ၌ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် CEDAW, GENDER, NESPAW အသိပညာပေးအခမ်းအနား သံတွဲ၌ကျင်းပ


     

MNP ၊ ဒီဇင်ဘာ ၁၄

သံတွဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးကျင်းပသည့် သံတွဲခရိုင်ကလေးသူငယ်အခွင့်အရေး  ဆိုင်ရာကော်မတီ၊အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် CEDAW, GENDER, NESPAW အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌ ၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ထိုသို့ပြောကြားရာတွင်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ကလေးသူငယ်များ၏အခွင့်အရေး(၄)ရပ်ဖြစ်သော အသက်ရှင်ခွင့် ၊ဖွံ့ဖြိုးတိုးတက်ခွင့် ၊ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် ၊ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့် တို့ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်  ကျောက်ဖြူ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ထားရှိမှုနှင့် သံတွဲခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။ 


ဆက်လက်၍  တက်ရောက်လာကြသည့် ကော်မတီ အဖွဲ့ဝင်များက ကလေးသူငယ်ဆိုင်ရာဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာများ  ၊ အမှုဖြစ်ပွါးသည့် ကလေးသူငယ်များအတွက် အကျင့်စာရိတ္တကောင်း/မကောင်း ထောက်ခံချက်များတောင်ခံမှုအဆင်ပြေချောမွေ့စေရေးတို့အား ကူညီ ဆောင်ရွက်ပေးရေး ၊ ခရိုင်တစ်ခုခြင်းအလိုက် ကလေးသူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းနှင့် အစိုးရမူလတန်းကြို ကျောင်းတစ်ကျောင်း ရရှိရေး ဆိုင်ရာများကိုဆွေးနွေးကြရာ သံတွဲခရိုင် ကလေးသူငယ်အခွင့်အရေး  ဆိုင်ရာကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးတို့က က လိုအပ်သည်များကို ပေါင်းစပ်  ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

၎င်းနောက် CEDAW, GENDER , NESPAW အသိပညာပေးအခမ်းအနားကို ဆက်လက် ကျင်းပရာ ကျောက်ဖြူ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက   လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် ကျား မ‌ရေးရာအခြေခံသဘောတရားများ ၊ အမျိုးသမီး အခွင့်အ‌ရေးဆိုင်ရာများ ၊ လူမှုဝန်ထမ်းဦးစီးဌာမှဆောင်ရွက်နေသည့် CEDAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်ပါအချက်အလက်များအား ပြည်သူများသိရှိစေရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)