ကျောက်ဖြူမြို့၌ China National Petroleum Corporation(CNPC)မှ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု လျှောက်ထားသည့်ကျောင်းများသို့ အမှိုက်ပုံးများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ China National Petroleum Corporation(CNPC)မှ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု လျှောက်ထားသည့်ကျောင်းများသို့ အမှိုက်ပုံးများ ပေးအပ်လှူဒါန်း






MNP  -  ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ China National Petroleum Corporation(CNPC)မှ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများဆု (Clean and Green Schools Award) လျှောက်ထား သောကျောင်းများသို့ အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်လှူဒါန်းသည့်အခမ်းအနားကို ယနေ့ နံနက်ပိုင်း က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။ 

အခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အရှေ့တောင် အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း(SEAGP)မှ ကိုယ်စားလှယ်အရာရှိ ဦးမြင့်ဦးက  အမှိုက်ပုံးများ ထောက်ပံ့လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆုလျှောက်ထားသည့်ကျောင်းများသို့ အမှိုက်ပုံးများအား ပေးအပ်လှူဒါန်းရာ  ကျောက်ဖြူခရိုင် ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးမှ လက်ခံရ ယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ 

ထိုသို့ အမှိုက်ပုံးများထောက်ပံ့လှူဒါန်းရာ၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများဆု လျှောက်ထားလာသည့်ကျောင်းများဖြစ်သော အထက(၁)၊ အထက(ကပိုင်ချောင်း)၊ အမက(အောင်မြေ သာ)နှင့် အမက(သစ်ပုတ်ပင်) စသည့်ကျောင်းများကို ကျောင်းတစ်ကျောင်းလျင် အမှိုက်ပုံး(၉)ပုံးနှုန်းဖြင့် ကျောင်းလေးကျောင်းအတွက် အမှိုက်ပုံး(၃၆)ပုံးအား China National Petroleum Corporation (CNPC)မှ ထောက်ပံ့လှူဒါန်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ (Clean and Green Schools Award) ဆု‌ရွေးချယ်ရေးကော်မတီ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  China National Petroleum Corporation(CNPC)မှ တာဝန်ခံအရာရှိနှင့် ဆုလျှောက်ထားသည့် ကျောင်းများမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ တက်‌ရောက်ခဲ့ ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)