MNP - ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများသည် ဝန်ထမ်းကျင့်ဝတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများအနေဖြင့် အလုပ်ခွင်၌ ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဒေါ်ဖြိုးဝေသူက တာဝန်ထမ်းဆောင်မှုဆိုင်ရာစည်းကမ်းများ၊ ပြုမူဆက်ဆံမှုဆိုင်ရာစည်းကမ်းများနှင့် ပတ်သက်၍ လည်းကောင်း၊ အငယ်တန်းစာရေး(အင်အားပြ) ဦးဇော်လင်းက ပါတီနိုင်ငံရေးကင်းရှင်းရန် စည်းကမ်းများ၊ ပုဂ္ဂလိက စီးပွားရေးဆိုင်ရာ စည်းကမ်းများတို့အား လည်းကောင်း ဖတ်ကြားခဲ့ပြီး ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment