MNP - ဒီဇင်ဘာ ၁၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော “ဥပဓိရုပ် ” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ (၃) နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါ အကြောင်း အရာများဖြစ်သည့် “ဥပဓိရုပ်ကောင်းလိုလျှင်” နှင့် “မေတ္တာဖြင့်အလှဆင်ပါ” စသည့် အကြောင်း အရာများကိုလည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးမြင့်အောင်က “မုဒိတာနှင့်ဥပဓိရုပ်”၊ “ဥပဓိရုပ်ဆိုသည်မှာ” နှင့် “နိုင်ချင်စိတ်နှင့်ဥပဓိရုပ်” စသည့်အကြောင်းအရာများ ကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့နောက် ဆက်လက်၍ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးနှင့် နှုတ်မှုစွမ်းရည် မြင့်မားရေးအတွက် ဉာဏ်စမ်းပဟေဠို ပြိုင်ပွဲကျင်းပပေးပြီး ကျောင်းသား/သူများအား မြို့နယ ဦးစီးအရာရှိ ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြသည်။ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများကို Online မှတစ်ဆင့် ပြည်သူများ အသိပညာဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများကို လစဉ်ဆက်လက်ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်
https://t.me/MyanmarNationalPost

No comments:
Post a Comment