MNP - ဒီဇင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်အဖြစ် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမ၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင် စာအုပ်ဖြင့် ရမ်းဗြဲမြို့နယ်၊ ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်ကစာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်ပါ စာပြုလုပ်ငန်းခေါင်းစဉ်ဖြင့် ဦးဆောင်ဖြင့်ဦးဆောင်ဖတ်ကြားပေးသည်။ ဆက်လက်ပြီး စာကြည့်တိုက်လက်ထောက် - ၃၊ ဦးမောင်ကြည် မှ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်မှ စာငှားစနစ်ခေါင်းဖြင့်ဖတ်ကြားဆွေနွေးပါသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နဝန်ထမ်းများက ကြည့်တိုက်လုပ်််ငန်းများ ထိရောက်အောင်မြင်နိုင်ရေးနှင့််စာကြည့်တိုက်ရှိ စာအုပ်/စာစောင်များ ပျက်စီး/ပျောက်ဆုံး၍ လေလွင့်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် ဆက်လက်ဆွေးနွေးခဲ့ကြသည်။
အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment