MNP - ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့ နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ခင်းကျင်းပြသဆောင်၌ရွက်ခဲ့သည်။
အဆိုပါစာအုပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲဆောင် ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးစန်းဝင်းက ပြခန်းများဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ စာအုပစာစောင်ပြပွဲတွင်အသစ်ရောက်ရှိလာသည့် သုတ/ရသစာအုပ်များ ၊ မဂ္ဂဇင်း၊ ဂျာနယ် ကလေးစာပေ စသည့်စာအုပ်စာများပါဝင်ပြီး နံရံကပ်စာစောင်ဓာတ်ပုံပြပွဲတွင်ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ် ရေးကြိုးပမ်းမှုကာလ သမိုင်းစဉ်မှတ်တမ်းများ လူထုဟောပြောပွဲမှတ်တမ်းများလွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာများနှင့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ဝေဝေဆာဆာဖြင့် ပြသဆောင်ရွက်ထားရှိသည်။
ထိုသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစာအုပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲဆောင်ရွက်ရာသို့ ကျောင်းသား/ကျောင်းသူများနှင့်ပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
စိုးမင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment