မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့် အညီနေထိုင်လျက်ရှိသောလူဦးရေ စာရင်းများကို မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခြင်း (Cross-Check) လုပ်ငန်းနှင့် စပ်လျဉ်း၍ အစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့် အညီနေထိုင်လျက်ရှိသောလူဦးရေ စာရင်းများကို မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခြင်း (Cross-Check) လုပ်ငန်းနှင့် စပ်လျဉ်း၍ အစည်းအဝေးပြုလုပ်



MNP  -  ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး (မကွေးတိုင်းဒေသကြီးတာဝန်ခံ)နှင့် မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့်အညီ နေထိုင်လျက်ရှိသော လူဦးရေ စာရင်းများကို မြို့နယ် တစ်ခုနှင့် တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခြင်း (Cross-Check)လုပ်ငန်းနှင့် စပ်လျဉ်း သည့် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး အတွင်း မြေပြင် လူဦးရေစာရင်းကောက်ယူပြုစုခြင်း၊ လဝကမှ e-ID စနစ်အရ မြေပြင် Working Group ဆောင်ရွက်နေခြင်းနှင့် ယခုမြို့နယ်တစ်ခုနှင့်တစ်ခု လူဦးရေစာရင်းများကို အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross-Check)လုပ်ငန်း ဆောင်ရွက်မည်ဖြစ်၍ မဲစာရင်းများ ပိုမိုမှန်ကန် လာမည်ဖြစ်သည့်အတွက် အလေးထားဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးအောင်လွင်ဦး (မကွေး တိုင်းဒေသကြီးတာဝန်ခံ)က မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့်အညီ နေထိုင်လျက်ရှိသော လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်း(Cross-Check)လုပ်ငန်း ဆောင်ရွက်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ Zoom Meeting ဖြင့် တက်ရောက်သည့် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို မွန်းတည့် ၁၂ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မောင်ညီညာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)