မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSS CHECK စနစ်ဖြင့် စိစစ် သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSS CHECK စနစ်ဖြင့် စိစစ် သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်




MNP  -  ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSS CHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကို ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ တိုင်းရွေးကောက်ပွဲအရာရှိ၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူးများ၊ ဟင်္သာတ ခရိုင်နှင့် မြန်အောင်ခရိုင် လဝကဦးစီးမှူးများ၊ ဟင်္သာတခရိုင်ရွေးကောက်ပွဲအရာရှိ၊ ဟင်္သာတ ခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် လဝကဦးစီးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ ဒုတိယဦးစီးမှူး များနှင့် ဟင်္သာတမြို့နယ် မြို့ပေါ်ရပ်ကွက် (၂၁)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ စုစုပေါင်းအင်အား (၇၄)ဦး တက်ရောက်ခဲ့ကြသည်။


အဆိုပါ အခမ်းအနား၌ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် ဦးသန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်း ဥပဒေနှင့်အညီ နေထိုင်သူများ စာရင်းအား CROSS CHECK ပြုလုပ်ထားမှု အခြေအနေကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသော ဌာနအသီးသီးမှ တာဝန်ခံအရာရှိများက အထွေထွေဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)