MNP ၊ ဒီဇင်ဘာ ၁၉
နှစ်နိုင်ငံအကြား G TO G စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် (၁၄၃,၀၀၀) ကျော်အား တင်ပို့ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရ တို့အကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန် လွှာ (Memorandum of Understanding - MoU) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး နားလည်မှု စာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀) ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀) ထိတို့အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံမှာ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန် တန်ချိန် (၂၀၀၀၀၀) တင်ပို့ရန် သဘောတူ စာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့သည်။
အဆိုပါ Sales Contract အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဆန်တန်ချိန် (၁၄၃,၀၀၀) ကျော်အား တင်ပို့ဆောင်ရွက်နိုင်ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသော ဆန်များအနက် ဆန်တန်ချိန် (၁၅,၀၀၀) အား သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့် ဆန်များအား သက်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment