KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကသာမြို့နယ်ရှိ နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာ(ရွာဟောင်း) အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကသာမြို့နယ်ရှိ နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာ(ရွာဟောင်း) အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး



MNP ၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ယနေ့နံနက် တွင် နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာ(ရွာဟောင်း)များအနီးသို့ အရောက်၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်း လူနေအိမ်များကို အကာကွယ်ရယူပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် ကျေးရွာများအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာသွားစဉ် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် နောင်ပင်ကျေးရွာတွင် လူနေအိမ် ၁၁ လုံးခန့်၊ မိုးဒါးကြီးကျေးရွာတွင် လူနေအိမ် ၄၃ လုံးခန့်၊ ဟဲနားကျေးရွာ(ရွာဟောင်း)တွင် လူနေအိမ် ၁၀ လုံးခန့်၊ စုစုပေါင်း လူနေအိမ် ၆၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။


KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာ ၂၆ ရွာမှ အိမ်ခြေ ၇၁၇ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။


အထက်ပါ ဖြစ်စဉ်များတွင် မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး အတွက် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


ထိုကဲ့သို့ KIA, PDF အကြမ်းဖက်သမားများက ကျေးရွာများအား မီးရှို့ပြီး ဆုတ်ခွါထွက်ပြေးသည့် ဖြစ်စဉ်များအား ပြည်ဖျက်မီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, DVB, Mizzima အစရှိသော ပြည်ဖျက်မီဒီယာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသယောင် မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသား ဖော်ပြမှုများ ပြုလုပ်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)