MNP - ဒီဇင်ဘာ ၄
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က MPEG COMPANY LIMITED အား ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထို့သို့ တွေ့ဆုံရာတွင် MPEG Co.,Ltd မန်းနေးဂျင်းဒါရိုက်တာ ဒေါ်မြကေသီက ကိုရီးယားနိုင်ငံ ရာသီသီးနှံ စိုက်ပျိုးရေးလုပ်သားများ ခေါ်ယူခြင်းလုပ်ငန်းကို ကရင်ပြည်နယ်ကိုယ်စားလှယ်အဖြစ် တစ်ရာသီလျှင်စိုက်ပျိုးရေး သမားလူဦးရေ ၅၀ မှ ၂၀၀ အတွင်း ပို့ဆောင်နိုင်ရေးကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment