ရထားမိုင်းခွဲသည့် NLD အစွန်းရောက် CRPH, NUG တို့၏ သြဇာခံ PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို ပြည်သူများ ကန့်ကွက်ရှုတ်ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရထားမိုင်းခွဲသည့် NLD အစွန်းရောက် CRPH, NUG တို့၏ သြဇာခံ PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို ပြည်သူများ ကန့်ကွက်ရှုတ်ချ



MNP ၊ ဒီဇင်ဘာ ၁၄

ယမန်နေ့ ည ၆:၃၀ ချိန် သထုံမှ မန္တလေးသို ထွက်ခွာလာသည့်  ကုန်တင်ရထား သုဝဏ္ဏဝတီမြို့၊ ကလိကျွန်းကျေးရွာအနီးတွင် NLD အစွန်းရောက်များ CRPH, NUGတို့၏ သြဇာခံ PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရထားလမ်း ပျက်စီးခဲ့ရပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်အား ပြည်သူအများက ကန့်ကွက်ရှုတ်ချ ရေးသားပြောဆိုနေကြသည်ကို တွေ့မြင်ရသည်။


CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သြဇာခံ PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုအပေါ် "ကံကောင်းစွာ လူအထိအခိုက်မရှိသော်လည်း ရထားကတော့လမ်းချော်သွားသဖြင့် ဆက်သွားလို မရတော့ပါ။ ယနေ့မနက်ကစပြီး လုံခြုံရေးအဖွဲများက အကာအကွယ်ပေး၍ မီးရထားဝန်ထမ်းများက ရထားဆက်သွားနိုင်ရေး ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။" ဟု ဝန်ထမ်းတစ်ဦးက ရေးသားဖော်ပြထားသည်။


မော်လမြိုင်မှ ရန်ကုန်၊ မန္တလေးသို့ ည ရထားခရီးစဉ်များကို ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင်ပြေးဆွဲခဲ့ပြီး ပြည်သူများ သက်တောင့်သက်သာဖြင့် ခရီးသွားနိုင်ရေး၊ ကုန်စည်စီးဆင်းမှုကောင်းမွန်စေရေးအတွက် ရည်ရွယ်ပြေးဆွဲပေး ခြင်းဖြစ်ပြီး ယခုလို အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်တာဟာ ကုန်စည်တွေ သယ်ဆောင်တဲ့ ရထားကို အဓိကထား တိုက်ခိုက်ချင်တာ မဟုတ်ဘဲ ပြည်သူလူထု စီးနင်းလိုက်ပါလာမဲ့ ရထားတွေကို ရည်ရွယ်တိုက်ခိုက်နေတာ ဖြစ်ကြောင်း၊ ပြည်သူလူထုမှ ဈေးသက်သာသော ရထားဖြင့် သက်တောင့် သက်သာ ခရီးသွားလာနေတာကို မလိုလားကြတဲ့ ကြမ်းဖက်အဖွဲအစည်းတွေရဲ့ ယခုလိုလုပ်ရပ်ကြောင့်  ပြည်သူများအတွက် ဒုက္ခကြီးစွာရောက်ရပါတယ်။  ကုန်ကားခဈေးကြီး၍ ရထားဖြင့်ကုန်တင်လိုသော ကုန်သည်ကြီးများအတွက်  အခက်တွေ့ရကြောင်း ရေးသားဖော်ပြထားသည်။


လုံခြုံရေးဂိတ်တွေကို တိုက်ခိုက်တာဟာ လက်နက်ကိုင် အဖွဲအချင်းချင်းတိုက်ခိုက်တာဖြစ်လို နားလည်နိုင်ပေမယ့် ဒီလို 

ပြည်သူများ သွားလာရေး၊ ကုန်စည်စီးဆင်းရေး ဆောင်ရွက်ပေးနေသည့် ကုန်တင်ရထား တစ်စီးကို တိုက်ခိုက်တာကတော့အကြမ်းဖက်လုပ်ရပ်ပဲဖြစ်ပြီး နိုင်ငံတော် ပိုင်ပစ္စည်းကိုဖျက်စီးတာဟာ ခွင့်လွှတ်နိုင်စရာအကြောင်း မရှိပါ ဟု ဒေသခံပြည်သူ တစ်ဦးက ရေးသားပြောဆိုထားသည်။

-

NUG/ PDF စဖြစ်လာကတည်းက တိုးတက်လာသည်မှာ ဖျက်ဆီးမှုများ သာဖြစ်ပြီး ကျောင်းဖျက်၊ တံတားဖျက်၊ တာဝါတိုင်ဖျက်၊ အိမ်မီးရှို့လာသည်မှာ ခုတော့ ရထားပါမိုင်းထောင်ဖောက်ခွဲသည်အထိ ဖြစ်လာကြောင်း၊ အစိုးရနှင့် ပြည်သူပူးပေါင်း၍  ဟန်ချက်ညီညီတိုက်ဖျက်မှသာ အကြမ်းဖက်သမားများကို ချေမှုန်းနိုင်မည်ဖြစ်ပြီး ဒီအကြမ်းဖက်များ၏ လှုပ်ရှားသတင်းများကို ပြည်သူများက လုံခြုံရေးအဖွဲများထံ အချိန်နှင့်တပြေးညီပေးပိုသင့်ကြောင်း အကြံပြု ရေးသား ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)