NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများအပေါ် တမူးမြို့တွင် ကန့်ကွက်ဆန္ဒပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများအပေါ် တမူးမြို့တွင် ကန့်ကွက်ဆန္ဒပြ








MNP ၊ ဒီဇင်ဘာ ၄

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ ဆရာ/ ဆရာမများအပေါ် လူမဆန်သော ရက်စက်ယုတ်မာမှုများ ကျူးလွန်လျက်ရှိရာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ တမူးမြို့ခံများက ဆန့်ကျင် ဆန္ဒပြမှု ယနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြသည်။


NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့မှ ဆရာမ ဒေါ်အေးမာထွန်း အပါအဝင် တမူးမြို့ခံများအား ရက်စက်စွာ သတ်ဖြတ်ခဲ့မှုများအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ပြီး ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ နယ်မြေ ၅ ၊ အိမ်အမှတ်(၇၇)နေ ဂျပန်ကြီး(၃၀)နှစ်၊ PDF (Kalay) ရင်း ၁ ၏ နေအိမ်ရှေ့တွင် အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများက အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း သွားရောက် ပြောဆိုခဲ့ကြသည်။

-

တမူးမြို့၊ ဈေးတန်း(၄)ရပ်ကွက်ရှိ ပြည်သူများကလည်း NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ၏ သတ်ဖြတ်ခြင်းခံရသော ဆရာမ အေးမာထွန်း ကောင်းရာ ဘုံဘဝ ရောက်ပါစေ RIP၊ PDF အကြမ်းဖက်သမားများ ကျဆုံးရေး- ဒိုအရေး၊ အကြမ်းဖက် လုပ်ရပ်မှန်သမျှ ဆန့်ကျင်ကြ၊ အကြမ်းဖက်မှုအလိုမရှိ၊ အကြမ်းဖက်သမား မှန်သမျှ ချေမှုန်းကြ စသည့် ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ 


NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ ဆရာ/ ဆရာမများအား ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ ၎င်းတို့၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၄၀၀၀ ကျော်အထိ သေဆုံးခဲ့ရပြီးဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)