၂၀၂၃ ဇန်နဝါရီမှာ တော်လှန်ရေးကို နောက်ထပ် တစ်ဆင့်ကိုတက်မယ်လို့ NUG အကြမ်းဖက်အဖွဲ့ က အကြမ်းဖက်လှုပ်ရှားမှု ဦးဆောင်သူ နေဘုန်းလတ် ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ဇန်နဝါရီမှာ တော်လှန်ရေးကို နောက်ထပ် တစ်ဆင့်ကိုတက်မယ်လို့ NUG အကြမ်းဖက်အဖွဲ့ က အကြမ်းဖက်လှုပ်ရှားမှု ဦးဆောင်သူ နေဘုန်းလတ် ပြော



MNP ၊ ဒီဇင်ဘာ ၂၃

NLD ပါတီမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ နေဘုန်းလတ် ဟာ ယခုအခါမှာ NUG အကြမ်းဖက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူတာဝန် အဖြစ် ဆောင်ရွက်နေပြီး လာမယ့် ၂၀၂၃ ခုနှစ်ဟာ စစ်ရေး နိုင်ငံရေး အချိုးအကွေ့တွေ ဖြစ်လာနိုင်မယ့် နှစ်လို့ ယူဆရတယ်လို့ NUG အကြမ်းဖက်အဖွဲ့မှ ဒုသမ္မတဆိုသူ ဒူဝါလရှီးလ ရဲ့ ပြောဆိုမှုကို ကိုးကားပြီး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ BBC နဲ့ ဆက်သွယ်ပြောဆိုထားတာကို တွေ့ရပါတယ်။


NUG အကြမ်းဖက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆိုသူ နေဘုန်းလတ်က "အစိုးရကနေပြီး ပြည်သူလူထုကို တစ်နှစ်တာ ဘာတွေလုပ်မလဲဆိုတာကို ONE YEAR PLAN ချပြတဲ့ ပြည်သူလူထုကို တင်ပြ အစီရင်ခံတာပေါ့နော်။ အဲဒီမှာ ၂၀၂၃ အတွက် ပြောခဲ့တာရှိပါတယ်။ စကားလုံးအတိအကျကတော့ အဆုံးအသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ် လို့။ ဒီတစ်နှစ်တာလုံးမှာတော့ လုပ်ကိုင်ဆောင်ရွက်စရာတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ဒီနှစ်က တော်လှန်ရေးမှာ ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်မယ့် နှစ်တစ်နှစ်ဖြစ်မယ်ဆိုတာကို ကျွန်တော်တို့ ပြောခဲ့တာ ရှိပါတယ်။ အဲဒီလို ပြောခဲ့တဲ့အတိုင်းပဲ ပြင်ဆင်မှုတွေလည်း တောက်လျှောက် လုပ်ကိုင်ဆောင်ရွက်လာတာပေါ့လေ။ လာမယ့်ဇန်နဝါရီမှာဆိုရင် တော်လှန်ရေးကို နောက်ထပ် တစ်ဆင့်ကိုတက်မယ့် အဆင့်လို့ သတ်မှတ်ထားတာတော့ ရှိပါတယ်။ အဲဒီတော့ သမ္မတကြီး မိန့်ခွန်းထဲမှာ ထည့်ပြောသလိုပဲပေါ့နော်။ ဒီနှစ်မှာတော့ နိုင်ငံရေးအရရော စစ်ရေးအရရော ထူးခြားတဲ့ အပြောင်းအလဲတွေ ကျွန်တော်တို့ ဘက်က ဆောင်ရွက်ဖို့ ရှိပါတယ်။ ဒီမှာလည်း နိုင်ငံတကာရေးကို ကြည့်မယ်ဆိုရင်လည်း တိုးတက်မှုတွေ အများကြီးတွေ့ရသလို ပြည်တွင်းမှာလည်း စစ်ရေးအရ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေ အများကြီးဖြစ်လာစရာ ရှိပါတယ်ဗျ" လို့ ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ BBC ကို ပြောဆိုထားခြင်း ဖြစ်ပါတယ်။


မဲလိမ်မဲခိုးမှုများကြောင့် NLD ပါတီအနေဖြင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် အချိန်မှစတင်၍ NLD ဦးဆောင်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ က CRPH, NUG, PDF အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံ ဖွဲ့စည်းပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်မှုများ ကျူးလွန်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၄၀၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။

  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)