ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်းအား PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb တစ်လုံး ပစ်ချဖောက်ခွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်းအား PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb တစ်လုံး ပစ်ချဖောက်ခွဲ


MNP ၊ ဒီဇင်ဘာ ၅

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်း များအား အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ရဟန်းသံဃာတော် များနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။


ထိုသို့ပြုလုပ်လျက်ရှိရာတွင် ဒီဇင်ဘာလ ၄ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက Drone ယာဉ်ဖြင့် Drop Bomb တစ်လုံးအား ပစ်ချဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် အဆိုပါဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သတ္တမဝေပုလ္လဓမ္မာရုံပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဓမ္မာရုံ၏ အမိုးသွပ် ၁ ချပ်ပျက်စီးခဲ့ကြောင်းသိရသည်။  


ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)