မုံရွာမြို့၊ စက်မှုဇုန်စစ်ဆေးရေးဂိတ်သို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်၊ လမ်းသွားလမ်းလာ ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ၊ PDF အကြမ်းဖက်သမား ၂ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၊ စက်မှုဇုန်စစ်ဆေးရေးဂိတ်သို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်၊ လမ်းသွားလမ်းလာ ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ၊ PDF အကြမ်းဖက်သမား ၂ဦး သေဆုံး

 


MNP ၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင် များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် စစ်ဆေးရေးဂိတ်အနီး သွားလာလျက်ရှိသည့် ဒေသခံပြည်သူ ၃ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ အဆိုပါစက်မှုဇုန်လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား ယနေ့နေ့လယ် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် အနောက်တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။


ဖြစ်စဉ်တွင် PDF အမည်ခံအကြမ်းဖက်သမား ၂ ဦး၏ အလောင်း ၂ လောင်းအား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သမားများ၏ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်အနီး သွားလာလျက်ရှိသည့် လမ်းသွားလမ်းလာ ဒေသခံပြည်သူ ၃ ဦးတွင် လက်နက်ငယ်ထိမှန် ဒဏ်ရာများ ရရှိခဲ့သောကြောင့် မုံရွာမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)