PDF တွေက တခါလှူဖူး ထပ်မလှူရင် ခြိမ်းခြောက်ခံရကြောင်း PDF ကို ထောက်ပံ့ပေးခဲ့ဖူးသူတစ်ဦး ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF တွေက တခါလှူဖူး ထပ်မလှူရင် ခြိမ်းခြောက်ခံရကြောင်း PDF ကို ထောက်ပံ့ပေးခဲ့ဖူးသူတစ်ဦး ပြော


MNP ၊ ဒီဇင်ဘာ ၂၃

PDF အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ တိမ်းရှောင်နေရသူတစ်ဦးက မြန်မာနေရှင်ပို့စ်သို့ ဆက်သွယ်၍ PDF အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကြောင့် တိမ်းရှောင်နေရကြောင်း၊ PDF အကြမ်းဖက်သမားများမှာ တခါလှူဖူး သူတို့ ထပ်အလှူခံလို့ မရရင် တပ်ကို သတင်းပေးလိုက်မယ်၊ ဘယ်လိုလာလုပ်မှာ စသဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်းကြောင့် တိမ်းရှောင်နေရကြောင်း ပြောသည်။


တိမ်းရှောင်နေရသူ က လူမှုကွန်ရက်မှ ဆက်သွယ်၍ "PDF က တော်တော် သန္ဓေယုတ်တဲ့ ကောင်တွေဗျာ။ ကျွန်တော်တို့ ဒေသမှာ ကိုယ့်ရွာသားတွေ ဖြစ်နေတော့ သူတို့နဲ့ အဆင်မပြေရင်လည်း အသတ်ခံရမှာလေ။ အဲဒါ သူတို့ အလှူခံလို့ ၂ကြိမ် တိတိ လှူပေးခဲ့ဖူးတယ်။ ကိုယ်လည်း ကိုယ့်စားဝတ်နေရေးအတွက် ရုန်းကန်နေရတာဗျာ။ သူတို့က အလှူခံတယ်လို့သာ ပြောတာ။ မပေးရင် သတ်မယ့်ကောင်တွေလေ။ နောက်ထပ် အလှူခံတွေ လာကောက်တယ်။ ကိုယ်လည်း မရှိလို့ မပေးနိုင်တော့ဘူး။ အကျိုးအကြောင်း ပြောပြတယ်။ ဒီကောင်တွေက တော်လှန်ရေးလုပ်နေပါတယ်ဆိုတဲ့ ကောင်တွေက သူတို့ကို ထပ်မလှူလို့ တပ်ကို သတင်းပေးလိုက်ရမလား တဲ့။ ယုတ်မာလိုက်တဲ့ ကောင်တွေဗျာ။ သူတို့ကို ပေးတယ်ဆိုတာလည်း မထင်ရင် မထင်သလို လုပ်မယ့်ကောင်တွေလေ။ သူတို့ တော်လှန်ရေးကို ထောက်ခံလို့ ပေးတာမဟုတ်ပါဘူး။ အသတ်မခံရအောင် ပေးတာပါ။ နောက်တော့ ဘယ်လိုလုပ်မှာ၊ ညာလိုလုပ်မှာ မိသားစုကိုပါ ခြိမ်းခြောက်လာလို့ တိမ်းရှောင်လာကြရပါတယ်။" ဟု ပြောသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး ဥပဒေဘောင်အတွင်း နေထိုင်ကြသော ပြည်သူများမှာ PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများကြောင့် PDF ကို ချေမှုန်းပေးရန်နှင့် PDF အကြမ်းဖက်သမားများအား လက်နက်၊ ကျည်ဆံ ထောက်ပံ့ပေးပြီး ကြိုးကိုင်လှုပ်ရှားနေသော KIA တပ်စခန်းများကို အမြစ်ပြတ်ချေမှုန်းပေးရန် ဆက်သွယ်ပြောဆိုကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)