MNP ၊ ဒီဇင်ဘာလ ၁၆
ရေစကြိုမြို့နယ်၊ ဂွက်ကြီးကျေးရွာမှ ပခုက္ကူမြို့သို့ ယမန်နေ့က မော်တော်ယာဉ်ဖြင့် ကြက်သွန်အိတ်များတင်ဆောင်၍ ရောင်းချရန်လာသော သားအဖ ၂ ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီး၍ လည်လှီးသတ်ဖြတ်ပြီး ကားနှင့် ကြက်သွန်အိတ်များကို ဓားပြတိုက် ယူဆောင်သွားကြောင်း သိရသည်။
ဂွက်ကြီးကျေးရွာမှ ဦးဇော်လွင်နှင့် ၎င်း၏သားဖြစ်သူ မင်းခန့်ဇော်တိုအား ရေစကြိုမြိုနယ် ကျောက်လှေခါးကျေးရွာအရောက်တွင် PDF အကြမ်းဖက်သမားများက ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ပြီး ကားနှင့် ကြက်သွန်အိတ်များကို ယူဆောင်သွားခြင်းဖြစ်သည်။
NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၄၀၀၀ ကျော် အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment