၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉
ရေစကြိုမြို့နယ်၊ ကျောက်ထပ်ကျေးရွာအနီးတွင် အများပြည်သူအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က PDF အကြမ်းဖက်သမားများ ခိုအောင်းရာ စခန်း ၁ ခု ကို သိမ်းပိုက်ရရှိပြီး ၎င်းစခန်းအားရှင်းလင်းမှုများပြုလုပ်ရာ တဲ ၁ လုံး၊ လက်လုပ်သေနတ် ၁၆ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ လယ်တိုဖိနပ် ၃၅ ရံ၊ အလံ ၁ထည်၊ စားအုန်းဆီ ၁ ပုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တပ်မတော်ကို တော်လှန်မည်ဟူသော PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့်အခါ ခုခံ ပစ်ခတ်ခြင်းမရှိဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
https://t.me/MyanmarNationalPost
(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - 09668195528, Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


No comments:
Post a Comment