MNP ၊ ဒီဇင်ဘာလ ၂၂
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပဒိုင်းတောအနောက်ကျေးရွာ အနီးတွင် ယမန်နေ့က လုံခြုံရေးအဖွဲဝင်များမှ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ချေမှုန်းရာ PDFအကြမ်းဖက်သမားများ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ၎င်းတို့ အသုံးပြုသည့် လက်လုပ်စိန်ပြောင်း ၆ လက်၊ လက်လုပ်သေနတ် ၇ လက်၊ လက်လုပ်မိုင်း ၂၅ လုံး၊ လက်လုပ်ရှော့တိုက်ဗုံးသီး ၄ လုံး၊ အဝေးထိန်းဆားကစ် ၃ ခု၊ ဆိုင်ကယ်ဘတ္ထရီအိုး ၃ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ဓာတ်မြေဩဇာ ၁ အိတ်၊ ကန့်မှုန့် ၈ ပြည်၊ ယမ်းမှုန့် ၅ ပိဿာ၊ သံဖြတ်စက် ၁ လုံး၊ ဝရိန်ချောင်း ၃၀ ချောင်း သိမ်းဆည်းရမိပြီး အကြမ်းဖက်စခန်း ၈ လုံးကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
မြန်မာနေရှင်နယ်ပို့စ် သို့ သတင်း၊ ဆောင်းပါး၊ ပေးစာများ ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။
No comments:
Post a Comment