MNP ၊ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ဆားလင်းကြီး မြို့နယ်နှင့် ရေဦးမြို့နယ်တို့ရှိ ဌာနဆိုင်ရာရုံးများအတွင်း ဝင်ရောက်ကာ ဌာနပိုင်မော်တော်ယာဉ်များနှင့် ရုံးအသုံးအဆောင် ပစ္စည်းများအား ခြိမ်းခြောက်လုယက်ယူဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၂ ရက် ည ၁၁ နာရီခွဲအချိန်တွင် ဆားလင်းကြီးမြို့နယ် စက်မှု လယ်ယာ ဦးစီးဌာန ရုံးဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများ ဝင်ရောက်လာပြီး ရုံးကားဂိုထောင်အတွင်း သိမ်းဆည်းထားသည့် ဌာနပိုင် New Holland 40HP အမျိုးအစား လယ်ထွန်စက် ၂ စီး၊ ၇ ပေရှိ Rotavator ၁ လက်၊ Toobox ၁ ခု၊ Air Compressor ၁ လုံး၊ ဒီဇယ် ၃၀၀ ဂါလံတို့အားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ် သမဝါယရုံးအတွင်းသို့ တံခါးများအား ဖျက်ဆီးဝင်ရောက်ကာ ရုံးအတွင်းသိမ်းဆည်းထားသည့် CD-100 N အမျိုးအစား လက်တွန်းထွန်စက် ၁ စီး၊ RISO မိတ္တူကူးစက် ၁ လုံး၊ ရေမော်တာ ၁ လုံး၊ ပန်ကာ ၁ ခု၊ ဖိုင်ဘာခုံ ၁၀၀ လုံးအား လည်းကောင်း၊ အဆိုပါရုံးဝင်းအတွင်းရှိ “ရွှေပြည်လင်း” သမဝါယမအသင်း အရောင်းဆိုင်အတွင်းမှ Legal စက္ကူပုံး ၃ ပုံး၊ A4 စက္ကူပုံး ၃ ပုံးနှင့် ကျောင်းသုံး စာရေးကိရိယာမျိုးစုံ ခန့်မှန်းတန်ဖိုး ၅ သိန်းကျပ်ခန့်တို့အားလည်းကောင်း၊ အလားတူ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် ရေဦးမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ မျိုးသန့်ခြံဝင်းအတွင်း၌ ခြံအလုပ်သမားများဖြစ်သည့် ဦးမျိုးလွင်(၄၇)နှစ်နှင့် ဦးမောင်ထွန်း(ခ)ဝင်းမင်းထွန်း(၂၅)နှစ်တို့ ၂ ဦး ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်လာပြီး ၎င်းတို့ ၂ ဦးအား သေနတ်များဖြင့် ခြိမ်းခြောက်၍ မျိုးသန့်ခြံ၌ အသုံးပြုနေသည့် New Holland 50Hp အမျိုးအစား လယ်ထွန်စက် ၁ စီးနှင့် ဦးမျိုးလွင်၏ လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင်ကာ ထွက်ခွာ သွားပြီး မျိုးသန့်ခြံ ဝင်ပေါက်၌ လက်လုပ်မိုင်း ၂ လုံးအား ဆိုင်ကယ်ဘတ္ထရီအိုး ၂ လုံးဖြင့် ချိတ်ဆက် ထောင်ထားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဌာနဆိုင်ရာရုံးများမှ ဌာနပိုင်မော်တော်ယာဉ်များနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ လုယက် ယူဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment