ကောလင်းမြို့၊ မြိုမကုန်းရပ်ကွက်တွင်နေထိုင်သော အပြစ်မဲ့ပြည်သူ ၁ ဦးအား PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကောလင်းမြို့၊ မြိုမကုန်းရပ်ကွက်တွင်နေထိုင်သော အပြစ်မဲ့ပြည်သူ ၁ ဦးအား PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်



MNP ၊ ဒီဇင်ဘာလ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြိုမကုန်းရပ်ကွက် သုဝဏ္ဏရပ်တွင်နေထိုင်သော ဦးတင့်ကို သည် နေအိမ်တွင် မိသားစုဝင်များနှင့်အတူရှိနေစဉ် PDF အကြမ်းဖက်သမားများက မျက်နှာဖုံးများစွပ်ကာ လက်လုပ်သေနတ်များကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦးတင့်ကိုအား မေးမြန်းခြင်းမရှိဘဲ ကောလင်း ကျောက်တန်းကားလမ်းဘက်သို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကြူတောကျေးရွာ၏ သင်္ချိုင်းတွင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဦးတင့်ကို သည် လောင်းကစားအလုပ်များ ဆောင်ရွက်နေကြောင်း သိရှိရပြီး PDF အကြမ်းဖက်သမားများက  ၎င်းထံမှ ငွေကြေးတောင်းခံရာ မရသဖြင့် လာရောက်ဖမ်းဆီးပြီး သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် လူသတ် ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲ၍ ငွေကြေးတောင်းခံခြင်း အပြင် ဆက်ကြေးကောက်ခံ၍ မရပါက ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လာကြသည်။

  

https://t.me/MyanmarNationalPost


မြန်မာနေရှင်နယ်ပို့စ် သို့ သတင်း၊ ဆောင်းပါး၊ ပေးစာများ  ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)