သပိတ်ကျင်းမြို့နယ်တွင် အချိုးကျ ကိုယ်စားပြု(Proportional Representation System-PR) စနစ်ရှင်းလင်းပွဲနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သပိတ်ကျင်းမြို့နယ်တွင် အချိုးကျ ကိုယ်စားပြု(Proportional Representation System-PR) စနစ်ရှင်းလင်းပွဲနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်



MNP - ဒီဇင်ဘာ ၁၃


မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ ရွေဝါဝင်းခန်းမတွင် ယမန်နေ့နံနက် ၉နာရီခွဲအချိန်က အချိုးကျကိုယ်စားပြု (PR)စနစ်ရှင်းလင်းပွဲနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့သပိတ်ကျင်းမြို့နယ် ဂွေးပင်မှော်ကျေးရွာအုပ်စု ၊ကဘဲ့ရပ်ကွက်၊ ဆိပ်ကမ်းရပ်ကွက်ရှိ ဒေသခံပြည်သူ(၁၅၀) ဦးခန့်တတ်ရောက်ခဲ့ပီး မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး မှူးဦးသန်းထိုက်အောင်မှအဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်ခိုင်သွယ့်မွန်စိုးက အချိုးကျကိုယ်စားပြု (PR)စနစ်နှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တတ်ရောက်လာသူများမှ (PR)စနစ်နှင့်ပတ်သတ်ပြီး မရှင်းလင်းသည့်အချက်များကို ပြန်လည် မေးမြန်းခဲ့ပြီးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။


 ဆက်လက်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  လူဝင်မှုကြီးကြပ်ရေးမှူး ဦးထွန်းအောင်လှိုင်၊ ဒုလဝကမှူးဒေါ်ခင်ဌေးမြင့်နှင့်  တာဝန်ရှိသူများမှ ဆိပ်ကမ်းရပ်ကွက်ရှိ အိမ်ထောင်စု(၂၅)စုအား မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစဉ်များအား တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ သပိတ်ကျင်းမြို့တွင်(Server) ထည့်သွင်းပြီးအိမ်ထောင်စု (၄၁၂၈၀)ရှိပြီးလူဦးရေ ၁သိန်း၇ သောင်းကျော်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)