MNP - ဒီဇင်ဘာ ၂၂
မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ နံနက်(၁၂)နာရီက မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ကလေးအလုပ်သမား များ လျော့နည်းပပျောက်စေရေးအတွက် ရည်ရွယ်ချက်(၃)ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူများ သိရှိစေရန် အသိပညာ ဗဟုသုတတိုးပွားစေရန် Talk Show ကျင်းပဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်နုနုယဉ်က ကလေး သူငယ်စောင့်ရှောက်ရေး အတွက် ကလေးသူငယ်များ ခေါင်းပုံဖြတ်ခံရမှု၊ ဖိနှိပ်မရှိစေရေး၊ မတော် ပြုကျင့်ခံရမှု မရှိစေရေးနှင့် စက်ရုံအလုပ်ရုံများ တွင် အသက်(၁၄)နှစ်အောက် ကလေးငယ်များအား မည်သည့်လုပ်ငန်းခွင်တွင်မှ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုထားခြင်း မရှိပါကြောင်း၊ အသက်(၁၄) နှစ်နှင့် (၁၆)နှစ်ကြား ရှိသူများကို လုပ်ငန်းဆောင်ရွက်ရန် သတ်မှတ်ထားပါကြောင်း၊ ကျန်းမာကြောင်း ထောက်ခံချက်နှင့်သာ လုပ်ငန်းခွင်ဝင်ရောက်စေနိုင်ကြောင်း၊ အရွယ်မရောက်သေးသူများ အချိန် မတိုင်ခင် လုပ်ငန်းခွင်ဝင်ရောက်ရပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်လာနိုင်မှုများ၊ ပညာရေးတွင်လည်း နစ်နာဆုံးရှုံးရ မည့် အခြေအနေများ၊ စာရိတ္တပိုင်းချို့ယွင်း လာနိုင်သည့် အခြေအနေများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေးတို့တွင် ကျဆင်းလာနိုင်သည့်အတွက် အရွယ်မရောက် သေးသူများအား အလုပ်သမားအဖြစ်ခိုင်းစေခြင်း မပြုရန်လိုအပ်ပါကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နန်းခွာညိုနှင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment