ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အေအိုင်ဒီအက်စ်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အေအိုင်ဒီအက်စ်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ



MNP -  ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ခန်းမတွင် မိဘပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်း သိကောင်းစရာများကို သိရှိနိုင်ရန် ရည်ရွယ်၍ အေအိုင်ဒီအက်စ်ရောဂါအကြောင်း သိကောင်းစရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက အေအိုင်ဒီအက်စ်ရောဂါ အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ခုခံအား ကျဆင်းမှုကူးစက်ရောဂါ (AIDS)သည် ယခုအခါ အာရှနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်းလုံးတွင်ကူး စက်ပျံ့နှံ့လျက်ရှိ ကြောင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါသဘာဝနှင့်  ကူးစက်နည်းများ၊  ဦးစိုးမိုးသူ (စာထောက်-၃)မှ HIV ရောဂါပိုးရှိနေပြီး ရောဂါလက္ခဏာ မပြသေးသော လူတစ်ဦးကို ပြင်ပအသွင် သဏ္ဍာန်ကြည့်ရုံဖြင့် ရောဂါပိုး ရှိ/မရှိ လုံးဝမသိနိုင်၍ ၎င်းထံမှ ရောဂါ ပိုးကူးစက်နိုင်ကြောင်း၊ အေအိုင်ဒီအက်စ်ရောဂါ လက္ခဏာများနှင့် ရောဂါကာကွယ်နည်း အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။


ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် လစဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေး လျက်ရှိကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)