မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ကျီရင်ဘတ် စပွန်ဆာ Teamviewer တို့ နှစ်ဦးသဘောတူလမ်းခွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ကျီရင်ဘတ် စပွန်ဆာ Teamviewer တို့ နှစ်ဦးသဘောတူလမ်းခွဲ

 




MNP - ဒီဇင်ဘာ   ၁၉ 


မန်ချက်စတာ ယူနိုက်တက်အသင်းသည် ဂျာမနီနိုင်ငံ အခြေစိုက် TeamViewer ကွန်ပျူတာဆော့ဖ်ဝဲကုမ္ပဏီ နှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း သိရသည်။


ယူနိုက်တက်အသင်းသည်  TeamViewer ကို ရင်ဘတ်စပွန်ဆာအဖြစ် ၂၀၂၁-၂၀၂၂ ရာသီမှစတင်ကာ ဝတ်ဆင်ခဲ့တာ ဖြစ်ပြီး TeamViewer ကုမ္ပဏီနှင့် ၂၀၂၁ ခုနှစ် မတ်လတွင် (၅)နှစ် စာချုပ်ချုပ်ဆိုခဲ့သည်။ယင်းစာချုပ်မှာ တစ်နှစ်ကျော်သာရှိသေးသော်လည်း ရပ်ဆိုင်းရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ရာ ယူနိုက်တက်အသင်းအနေဖြင့် စပွန်ဆာကုမ္ပဏီအသစ် ရှာဖွေရမည်ဖြစ်သည်။


မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် TeamViewer နှင့် စာချုပ်ရပ်ဆိုင်းမည်ဖြစ်သော်လည်း စပွန်ဆာအသစ်ရရှိမည့်အချိန်အထိ အဆိုပါအမှတ်တံဆိပ်ကိုသာ ဆက်လက်ဝတ်ဆင်သွားမည်ဖြစ်သည်။


TeamViewer မှာ မန်ယူနိုက်တက် အသင်းသမိုင်းတစ်လျှောက် (၆)ခုမြောက် ရင်ဘတ်စပွန်ဆာအမှတ်တံဆိပ်ဖြစ်ပြီး စာချုပ်သက်တမ်း တစ်နှစ်ကျော်သာရှိသေးချိန်တွင် စပွန်ဆာစာချုပ်ကို အဆုံးသတ်ခဲ့ခြင်းကြောင့် ယူနိုက်တက်အသင်းနှင့် လက်တွဲဖူးသည့် အင်္ကျီရင်ဘတ်စပွန်ဆာများအနက် သက်တမ်းအတိုဆုံးအင်္ကျီ စပွန်ဆာလည်း ဖြစ်သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)