ပေါက်တောမြို့တွင် ​​လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် ​​လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



MNP  -    ဒီဇင်ဘာ  ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေး  မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) မြေပြင်တိုက်ဆိုင်စစ်ဆေးရန်အတွက်  ဌာဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့​သည်။


အစည်းအဝေးတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက်  မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့  ပေါက်တောမြို့နယ် (Working Group)ကို ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါအဖွဲ့၏ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြား​သည်။


ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  မြို့နယ်ဦးစီးမှူးဦးစောထွန်းဖြူက ရပ်ကွက်/ကျေးရွာအုပ်စု၊ မြေပြင်တစ်အိမ်တက်ဆင်း ကောက်ယူရေးအဖွဲ့ (Working Group) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ (၂၇)ရက်နေ့တွင်သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း၊ တစ်အုပ်စုမှ အုပ်ချုပ်ရေးမှူးအပါအဝင်(၃)ဦး တက်ရမည်ဖြစ်ကြောင်း၊ မြို့နယ်(Working Group) ကြီးကြပ်မှုကော်မတီအနေဖြင့် မြေပြင်စာရင်းများမှန်ကန်ရေးအတွက် လုပ်ငန်းတာဝန်များ၊ စာရင်းကောက်ယူပြီးစီး၍ စိစစ်ပြီးစီးသော  အိမ်ထောင်စုစာရင်းများအား မြို့နယ်လဝကသို့ လွှဲပြောင်း၍ e-ID ဆိုင်ရာလုပ်ငန်းများကို  အသေးစိတ်ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦစီးမှူး ဦးကျော်ဌေးမြင့်က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)