နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ်အတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ်အတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်




MNP  -  ဇန်နဝါရီ        ၁၆

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင်ကျရောက်မည့် (၇၁)နှစ်မြောက်ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုရန်အတွက် ကယားပြည်နယ်သို့ရောက်ရှိနေကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယမန်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန် ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒယ်နီယယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်ယူဆောင်ရွက်နေမှုများကို  ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆိုလာပစ္စည်းများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းက ဆေးပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦး တို့ကလက်ခံရယူခဲ့သည်။


ထို့နောက် ဒေသခံပြည်သူများက လွိုင်ကော်မြို့အတွင်း တိုးမြှင့်ဆောင်ရွက်ပေးစေလိုသည့် တံတားများနှင့်လမ်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုတင်ပြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးတို့က တင်ပြချက်များအပေါ်တွင် လက်ရှိဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ထပ်မံဆောင်ရွက်ပေးမည့်အစီအမံများကို  ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)