Pages

Pages

ရွှေတောင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ



MNP  -   ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းခန်းမတွင် ယမန့်နေ့ နေ့လယ်ပိုင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပါအခွင့်အရေးများနှင့်ပတ်သက်၍ ကလေးသူငယ်ဥပဒေပေါ်ပေါက်လာပုံ၊ CRC ဖွဲ့စည်းဆောင်ရွက်မှု၊ ရည်ရွယ်ချက်၊ ကလေးသူငယ်မွေးစားခြင်းနှင့် မသန်စွမ်းကလေးသူငယ်များရရှိနိုင်သော အခွင့်အရေးများကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များကို ဟောပြောဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment