Pages

Pages

နတ်တလင်းမြို့နယ် သကျမဟာမြတ်မုနိဘုရားကြီးတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြ




MNP  -  ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် သကျမဟာမြတ်မုနိဘုရားကြီးဝန်းအတွင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ကိုလတ်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည် (၂)နာရီကမီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။


အသိပညာပေးဟောပြောပွဲတွင် နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးအောင်က မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဝတ်စုံများအကြောင်း သိကောင်းစရာများ၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်နှင့် မီးငြိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားပြီး မီးလောင်ကျွမ်းမှုဖြစ်လျှင် ကြိုတင်ကာကွယ်ငြိမ်းသတ်နည်းစနစ်များတို့ကို လက်တွေ့လေ့ကျင့်ဆောင်ရွက်စေခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ သကျမဟာမြတ်မုနိဘုရားကြီးဂေါပကဥက္ကဋ္ဌ ဦးအေးကိုနှင့်ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ထားထားဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment