Pages

Pages

မာန်အောင်မြို့နယ်၌အသက်၅နှစ်နှင့်အထက်ကျောင်းသား/သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး




MNP  -  ဇန်နဝါရီ ၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ အသက်၅နှစ်နှင့်အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်နှင့်တတိယအကြိမ်(BoosterDose)ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။


       ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများကကာကွယ်ဆေးထိုးနှံကြသည့်အ-ထ-က(ခွဲ)စျေးတန်းနှင့်ရန်အောင်မြင်ရပ်ကွက်၊အခြေခံညာမူလတန်းကျောင်းမှ အသက်၅နှစ်နှင့်အထက်ကျောင်းသား/သူများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေးပြီး ပထမအကြိမ်ထိုးနှံပြီးသူများအားဒုတိယအကြိမ်ဖြစ်လည်းကောင်း၊ဒုတိယအကြိမ်ထိုးနှံပြီးသူများအားတတိယအကြိမ်(Booster Dose)ကိုလည်းကောင်း ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment