Pages

Pages

အမ်းမြို့နယ်၌ အမျိုး သမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး(Talk Show)ပြုလုပ်



MNP  - ဇန်နဝါရီ ၉ 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုး သမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိ ပညာပေး(Talk Show) ကျင်းပပြုလုပ်ခဲ့သည်။


     ရှေးဦးစွာ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်း က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိ ပညာပေး(Talk Show) ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို Online မှတဆင့် အသိပညာပေးလုပ် ငန်းများဆောင်ရွက်ပေးခြင်းဖြင့်  ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက လူမှုရေးရာအပေါ် အခြေခံသော အကြမ်ဖက်မှု၊ အမျိုးသမီးများအပေါ်အကြမ်း ဖက်ခြင်း၊အမျိုးသမီးများအပေါ်အကြမ်း ဖက်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်း၊ နောက်ဆက်တွဲဖြစ်စေနိုင်သော အကျိုး ဆက်များ၊အမျိုးသ မီးများအကြမ်းဖက်ခံရခြင်းပတ်သက်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်းများကို ဆွေးနွေးပြောကြားခဲ့သည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment