Pages

Pages

တောင်ကုတ်မြို့နယ်၌အခြေခံပညာကျောင်းများမှကျောင်းသား၊‌ကျောင်းသူများသို့ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးတတိယကြိမ်ထိုးနှံပေးလျက်ရှိ




MNP  -  ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊တောင်ကုတ်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီ အချိန်မှစတင်ကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသော အသက်(၅)နှစ်မှ ၁၁ နှစ်အတွင်းရှိ ကျောင်းသား ၊ ကျောင်းသူများ ကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုများဖြင့် အခြေခံပညာဦးစီးဌာန နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၅)နှစ်မှ(၁၁)နှစ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူ(၂၀၆၇)ဦးသို့ Myancopharm ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment